မြောင် အောက်တိုဘာ ၁၈
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ “ငါးသယံဇာတ ထိန်းသိမ်းရေး သိကောင်းစရာ အကြောင်း'' Talk Show ကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက (TalkShow)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာဝင့်ဖြူက ငါးသယံဇာတ ထိန်းသိမ်းရေး အသိပညာ ဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်သူများဖြင့် ပူးပေါင်းကာ (Talk Show)ဆွေးနွေးပွဲများ ပြုလုပ် ဆောင်ရွက်လျက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြပွဲများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်