လောင်းလုံးမြို့နယ်၊ လူအခြေပြုဗဟိုဌာန Community centre တွင် ပြိုင်ပွဲများကျင်းပ

လောင်းလုံး အောက်တိုဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား အသိပညာပေးဟောပြော၍ ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ကျောင်းသားသူများကပါဝင်ယှဉ်ပြိုင်ကာ ဦးစီးအရာရှိက အမှတ်တရပစ္စည်းလက်ဆောင်များပေးအပ်ခဲ့၍ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်အားပြသကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြာင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)