ပိုင်ကျုံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပိုင်ကျုံ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံတိုက်နယ်ဆေးရုံနှင့် မြို့ပေါ်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေပေးသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ချက်၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများ အားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့် အသိပညာပေးများစွာပါဝင်ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ပြည်သူများအသိပညာဗဟုတများ ပိုမိုရရှိစေရန်ရည်ရွယ်ပြီး ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

နော်ခူး