ရွာငံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသ‌နေပြည်သူများတွေ့ဆုံ

ရွာငံ အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊‌ ကျန်တောကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ဒေသ‌နေပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် (၁၀ )နာရီက ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ရွာငံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသောပြည်သူများအား နှာခေါင်းစည်း Mask များ အသီးသီးပေးဝေခဲ့ကြသည်။‌ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကူးစက်မှုမရှိစေရေး ကာကွယ်ဆေးထိုးနှံရေး စသည်တို့ကိုရှင်းလင်းပြောကြားပါသည်။  ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းက နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာများ၊ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်ဦးက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်/ သုံးစွဲနှင့်မူးယစ်ရမ်းကားခြင်း ဥပဒေဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ  မိမိတို့ဌာနအလိုက်သက်ဆိုင်သည့် လုပ်ငန်းများအား ရှင်းလင်းကြပြီး နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ မတည်​ထောက်ပံ့​ငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းခဲ့ကြပြီး တက်ရောက်လာကြသောပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ရွာငံ(ပြန်/ဆက်)