ကရသူရိ အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်အစေးထွက်အပင်ဖြစ်သည့် ရော်ဘာဈေး ယခင်နှစ်ထက် ဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ ရော်ဘာအစေးပြားရောင်းသူ များပြားနေကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် ရော်ဘာကို ဒုတိယအများဆုံး စိုက်ပျိုးကြသည့် နှစ်ရှည်အပင်ဖြစ်ပြီး ခြံပိုင်ရှင်များ ဝင်ငွေ အားကောင်းသည့် အစေးခြစ်အပင်အမျိုးအစားဖြစ်ကြောင်း ရော်ဘာအစေးပြား တစ်ပေါင်လျှင် (၁၅၀၀)ကျပ် ရရှိကာ ယခင်နှစ်ထက် ဈေးပိုကောင်းသဖြင့် ရောင်းချသူများပြားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရော်ဘာကို မျိုးကြမ်းနှင့် မျိုးချောဟူ၍ နှစ်မျိုးခွဲခြားထားပြီး အစေးထွက်အား ကောင်းသည့် မျိုးချောကိုသာ အဓိက ရွေးချယ်စိုက်ပျိုးကြကြောင်းနှင့် ထွက်ရှိသည့် ရော်ဘာအစေးပြားများကို ကော့သောင်းမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)