လိပ်သိုမြို့၌ မိသားစု တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေ

လိပ်သို   အောက်တိုဘာ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံပြည်သူများသည် ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြသော်လည်း မိသားစုတစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ ဝက်ပြန်လည် ရောင်းချရာတွင်​ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မိသားစုက  ကိုယ်နိုင်သလောက် ခြံဝင်းမှာ ဝက်မွေးမြူကြပါတယ်၊  တစ်နိုင်တစ်ပိုင်ဆိုပေမယ့်  မိသားစုအပိုဝင်ငွေအတွက် စီးပွားရေးတစ်ဖက်တစ်လမ်းကနေ အဆင်ပြေစေရန် ဝက် အကောင် (၃၀) မွေးမြူထားပါတယ်။ ဝက်ပြန်လည်မွေးမြူသူတွေက  လာဝယ်ရင်တော့  သူ့အရွယ်အစားအလိုက် တစ်ကောင်ကို ကျပ် (၃) သိန်းမှ (၆) သိန်း ဝန်းကျင်ထိရပါတယ်’’  ဟု  အမှတ် (၂) ရပ်ကွက်နေ ဦးဂျွန်က ပြောသည်။

လိပ်သိုမြို့တွင် ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၀၀၀ဝိ/-) ခန့်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)