ကရသူရိမြို့တွင်  အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကရသူရိ  အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁)ရပ်ကွက်တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ခြင်းကို   မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်တွက်  အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်ပါ၊ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စနစ်တကျ လက်ဆေးပေးပါ၊ လူစုလူဝေးရှောင်ကြဉ်ပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ပြီးစီးအောင် ထိုးနှံကြပါရန်နှင့် ကာကွယ်ဆေးထိုးနှံပြီးစီးသော်လည်း   ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကရသူရိ (ပြန်/ဆက်)