ဆေးဖက်ဝင်သည့် ဇီးဖြူသီးများရောင်းအားကောင်းလျက်ရှိ

မန္တလေး အောက်တိုဘာ ၂၇

မန္တလေးမြို့ ဈေးချိုတော်ကိုင်းတန်းဈေးတွင် ဆေးဖက်ဝင်သည့်ဇီးဖြူသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

“ဇီးဖြူသီးက နိုဝင်ဘာ၊ ဒီဇင်ဘာမှာ အသီးတွေဖြိုင်ဖြိုင်မှည့်လေ့ရှိပါတယ်။ အပင်ကြီးတစ်ပင်မှာ အသီးအလေးချိန် (၁၀၀)ကီလိုဂရမ်ကနေ (၃၀၀)ကီလိုဂရမ်အထိထွက်ရှိပါတယ်။ အသီးတွေရင့်တာကို အသီးအရောင်ကိုကြည့်လို့ရတယ်၊ အစေ့အရောင်အဖြူရောင်ကနေ အနက်ရောင်ကို ပြောင်းလဲလာတာကို ကြည့်လို့ရတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဆို မယ်ဇလီဖူးသုပ်နဲ့ ဇီးဖြူသီးဆားရေစိမ်လိုက်ဖက်တာမို့ ကထိန်ရာသီနီးလာတဲ့အချိန်ဟာ ပိုပြီးရောင်းကောင်းပါတယ်။ ဇီးဖြူသီးက ဆေးဖက်ဝင်တာမို့ အစိမ်းပဲစားစား၊ အခြောက်ထားပြီးပဲစားစား အချိန်မရွေးစားလို့ရအောင် ရောင်းပေးပါတယ်။ လောလောဆယ်တော့ စစ်ကိုင်းဘက်က ဇီးဖြူသီးတွေအဝင်များပါတယ်” ဟု ဇီးဖြူသီးရောင်းချသူထံမှ သိရသည်။

လက်ရှိတွင် ဇီးဖြူသီးတစ်ပိဿာကို ကျပ် (၁၅၀၀/-)မှ ပိသာချိန်အနည်းအများအလိုက် ဈေးနှုန်းအလျော့အတင်းဖြင့် ရောင်းချမှုရှိကြောင်းသိရသည်။

မြင့်မြင့်သန်း