ပြင်ဦးလွင် အောက်တိုဘာ ၂၇
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဝန်ထမ်းများအား ရုံးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အဖွင့်အမှာ စကားပြောကြားရာ တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများမှ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ၊ ဝန်ထမ်းများ ခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း စသဖြင့် အခန်းပေါင်း (၂၅)ခန်းပါဝင်ကြောင်းနှင့် အသေးစိတ်ရှင်းလင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)