မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်က မြောက်ဥက္ကလာပမြို့နယ်(ဃ)ရပ်ကွက် မြောက်ဉက္ကလာပစက်မှုဇုံရှိ အောင်မြင်ကျော်ကြား အထည်ချုပ်စက်ရုံတွင် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။