မလှိုင် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ရွှေဖြင့် ပြုလုပ်ထားသော “ရဲဗလတံဆိပ်” ထပ်ဆင့်ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေ တာဝန်အရပ် ရပ်ကို ထမ်းဆောင်ရာတွင် ခိုင်မြဲသောစိတ်ဓာတ်ဖြင့် ရဲဝံ့စွာဆောင်ရွက်ခဲ့သော ရာအိမ်မှူး(၁)ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၂)ဦးတို့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်(တပ်မတော်နေ့)တွင် အမိန့်ကြော်ငြာစာ အမှတ်(၅၄/၂၀၂၂)ဖြင့် ချီးမြှင့်အပ် နှင်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရွှေဖြင့်ပြုလုပ်ထားသော ရဲဗလတံဆိပ်အားချီးမြှင့်ခြင်း အား မိမိတို့အဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစုတို့အား ထပ်ဆင့်ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များအနေဖြင့် လိုအပ်သည်များရှိပါက အချိန်မရွေးအကူအညီတောင်းခံနိုင်ပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခဲ့သော ရာအိမ်မှူးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့၏ မိသားစုဝင်တို့အား ရဲဗလတံဆိပ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရွှေတံဆိပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ဌေးသန်း၊ ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ရဲမှူးသိန်းဇော်တို့က ထပ်ဆင့်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)