တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ်(၁၁) ရပ်ကွက်ရှိ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်က အစာအုပ်စု(၃)ခုကို စုံလင်မျှတစွာ အာဟာရဖြစ်အောင်စားသောက်ရန်၊ တစ်ကိုယ်‌ရည်သန့်ရှင်းမှု အထူးဂရုပြုရန်၊ သွားနှင့်သွားဖုံး ကျန်းမာရေးအတွက် စနစ်တကျသွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှကင်းဝေးစေရေး ဂရုပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် စနစ်တကျ လက်ဆေးကြရန်စသည်ဖြင့် ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ တစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်‌‌လျက်ရှိကြောင်း သတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)