မိုင်းလုံ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်၊ စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စုစုဝင်းမှ ကျောင်းသား၊ကျောင်းသူများစာကြည့်တိုက်ကို ပိုမိုအသုံးချ တတ်လာပြီး၊ စာပေများကို လေ့လာဖတ်ရှုကာ အသိပညာ ဗဟုသုတများမြင့်မားလာစေရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြပွဲတွင်အသိပညာ ဗဟုသုတများစွာ ရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ ရုပ်ပြစာအုပ်များ၊ ဂျာနယ်များနှင့် မဂ္ဂဇင်း စာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)