မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာယမန်နေ့နံနက်က မြောက်ဥက္ကလာပမြို့နယ်(ဃ)ရပ်ကွက် မြောက်ဉက္ကလာပစက်မှုဇုံရှိ အောင်မြင်ကျော်ကြား အထည်ချုပ်စက်ရုံတွင် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက်(ဌ)ရပ်ကွက်၊ ပုဂံလမ်းမကြီးဘေး၊ ရွှေပေါက်ကံမြို့အဝင်ရှိရတနာသိင်္ဂီ(ပရဟိတ)သီလရှင်သင်ပညာရေး‌ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်လက်ကမ်းစာ‌စောင်များ၊ နှာခေါင်းစည်း(mask)များလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှ သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ရေး အသိပညာပေး ဟောပြောခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(mask)များ ဖြန့်ဝေခြင်းကို  မြို့နယ်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် အမျိုးသမီး‌ရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး( ပြန်/ဆက်)