စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူခြင်းအခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများ စစ်တမ်းကောက်ယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။