မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် ဆီမီးတစ်သောင်းတစ်ထောင် ထွန်းညှိပူဇော်ပွဲအခမ်းအနား ကျင်းပ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားရည်မှန်းကာ မဟာမုနိဘုရား ကြီးရင်ပြင်တော်တွင် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ ကြီးမှူး၍ ဆီမီးတစ်သောင်း တစ်ထောင်ထွန်းညှိပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မဟာမုနိဘုရားကြီးရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်(ဆ)ရပ်ကွက်အတွင်းရှိ မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်အတွင်းရှိ မဲရုံ(၉)နေရာအား မဲရုံများစနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီကစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ် အ.မ.က(မယ်ဇလီအိုင့်)၌အသိပညာပေးဟောပြောခြင်းနှင့် အားကစားပြိုင်ပွဲငယ်များကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောခြင်းနှင့် ပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီခွဲက အခြေခံပညာ မူလတန်းကျောင်း(မယ်ဇလီအိုင့်)၌ ကျင်းပခဲ့သည်။

ဂန့်ဂေါမြို့တွင် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့ညနေပိုင်းက ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံနှင့် မြို့အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့၌ မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးသားပေါက်ထည့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၁၂၁) ကြိမ်မြောက် မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငါးသားပေါက်ထည့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့၊ မင်းရွာ (ကမာဘာ) ကျေးရွာရှိ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အတွင်းရေးမှူး ဦးခင်ဇာမောင် ငါးကန်၌ ပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ ပြည်သူအားလုံးဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ စိုက်ထူပြီး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံးသည် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက် ပိုစတာကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်က ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်၌ စိုက်ထူသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်တာဝန်ရှိသူများ ကျောက်ဆည်မြို့ မဲပေးမည့်နေရာများနှင့် မဲပေးစက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ အဖွဲ့ဝင် (၁) ဦးရွှေလတ်ဇင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း (ညွှန်မှူး) တို့သည် ယမန်နေ့နံနက် ၁၁ နာရီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျောက်ဆည်မြို့နယ်အတွင်း မဲရုံဆောင်ရွက်မည့် နေရာများနှင့် မဲပေးစက်ထားရှိသည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အသက် (၁၈) နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်း ကျောင်းများရှိ အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to