မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြေင်းမြ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ မောင်ကြည်သန့် ရေးသားသည့် “ပုဂ္ဂိုလ်ကျော်များနှင့်ထင်ရှားဒေသ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ရာ Women Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်သီသီဌေးနှင့်အဖွဲ့ဝင်များ၊ စာဖတ်ဝိုင်းသို့တက်ရောက်လာသူများမှ စာအုပ်ပါအကြောင်းအရာများအား အပြန်အလည်ဆွေးနွေးကြကြောင်းသိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စာဖတ်ဝိုင်းတက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Mobile Library Bus ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဇေယျာ (မြောင်းမြ)