ကော့ကရိတ် ဒီဇင်ဘာ ၁၆
ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် မီးဘေးလုံခြုံမှုရှိစေရေးအတွက် ထင်း၊ မီးသွေးသုံးစွဲမှုအခြေအနေ၊ မြို့ပေါ်လူနေအိမ်များအကြား မီးသွေးဖုတ်သူများအခြေအနေတို့ကို စစ်ဆေးခြင်း မီးဘေးအန္တရာယ်မကျရောက်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ စစ်ဆေးပညာပေးခြင်းတို့ကို ယနေ့နံနက် (၉) နာရီက မြိုပေါ်ရပ်ကွက်များသို့ ခရိုင်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမြို့နယ်ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၌ မွန်းလွဲ (၂) နာရီတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီယာယီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ ခရိုမီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းတို့က လုပ်ငန်းရှင်ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မီးချိတ်/မီးကပ်များထားရှိရေး၊ သဲ/ရေ/လှေကားများအဆင်သင့်ထားရှိရေး၊ မီးဖိုမီးသုံးစွဲနေမှုအခြေအနေ၊ မီးဘေးလုံခြုံ ရေးကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေ မီးဖိုမီးသုံးစွဲရာတွင် မြေကျင်းတူးသုံးစွဲကြရေး၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားအသိပေးကြရေး မီးသတ်ဆေးဘူးများထားရှိကြရေး မီးသတ်ဦးစီးဌာနမှ အကြံပြုလမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရေး မီးဘေးလုံခြုံမှုရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။၊
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)