ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းနေသော ငါးမွေးမြူရေးလုပ်ငန်းနှင့် MSME ကုန်ထုတ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း စားဆီဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန် ထုတ်လုပ်ငန်းများ တက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။