လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက သနပ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ကျိုင်းတုံမြို့နယ်၌ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့် အရည်အသွေးသတ်မှတ်စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို  ယနေ့တွင် ရှောင်တခင်စစ်ဆေးသည်။

နတ်တလင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ကရင်ကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမောက်မြို့၌ ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ ဖူးမြော်ကြည်ညိုနိုင်ရန် ကြော်ငြာ ဆိုင်းဘုတ် ဖွင့်ပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်နိုင်ကြည်ညိုနိုင်ရန် ကြော်ငြာဆိုင်းဘုတ်ဖွင့်ပွဲနှင့်စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ကမြို့နယ်ခန်းမရှေ့ ဗန်းမောက်-ဇလုံတောင် ကားလမ်းမ၌ ကျင်းပသည်။

မအူပင်မြို့၌ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၉) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

ချောင်းသာ (အ.လ.က) ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ကျန်းမာရေးဌာနက ကျောင်းအခြေပြုတီဘီ ရောဂါကွင်းဆင်းရှာဖွေခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.လ.က (ချောင်းသာ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ POLYTECHNIC UNIVERSITY (MAUBIN) FACULTY OF COMPUTING ၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပရာ ပြည်မြို့အမှတ်(၅)အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့ အမှတ် (၇) မူလတန်း (လွန်) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၇) မူလတန်း (လွန်) ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း တန်းစီကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to