မလှိုင် အောက်တိုဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမ၌ (၂)ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၈၆)ကျောင်းမှ အထက်တန်းကျောင်းအုပ် ဆရာ/မကြီး(၈)ဦး၊ အထက်တန်းကျာင်းခွဲ(လယ်/အုပ်)(၂၅)ဦး၊ အလယ်တန်းကျောင်းအုပ်(၁၂)ဦး၊ အလယ်တန်းကျောင်း(ခွဲ)မှ (၆)ဦး၊ မူလွန်ကျောင်းအုပ်(၂ဝ)ဦးနှင့် ကမစခေါင်းဆောင်(၁၈)ဦး စုစုပေါင်း(၈၉)ဦး တက်ရောက်ခဲ့ကြသည်။ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဦးရွှေမိုးက စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဌာနဘာသာရပ်(၁)နှင့်(၂)၊ စီမံကိန်းစာရင်းအင်းမှတ်တမ်းဘာသာရပ်၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ခြင်း ဘာသာ(၁)နှင့်(၂) နှင့် နယ်စပ်ဌာနဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ကြီးများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည် ။
စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကိုမလှိုင်မြို့၌(၂)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)