အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း    အောက်တိုဘာ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၄ ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ကလေးမျက်နှာစေတီဘုရားရင်ပြင်တော်တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများများလှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခြင်းနှင့် တောင်နဝင်းရေလှောင်တမံအတွင်း၌ ဇီဝိတဒါနအဖြစ်ငါးသားပေါက်များလွှတ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်-ပြန်/ဆက်