စတုတ္ထအကြိမ်မြောက် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကြီးကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီး ပရဝုဏ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  ကွင်းဆင်းဆောင်ရွက်၍ အခြေခံစားသောက်ကုန်များ ရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင် သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က  အုန်းတပင်ကျေးရွာအုပ်စု အုန်းတပင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်  နာဂဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်‌ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊တိုင်း/ဒေသနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့က နာဂဒေသ၏ သဘာဝပတ်ဝန်းကျင် သာယာလှပမှုနှင့်တောတောင်စိမ့်စမ်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုမှန်ကန်စေရေးတို့အတွက် အဟန့်အတားဖြစ်စေသည့်

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လဟယ် မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊တိုင်း/ဒေသနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ နာဂရိုးရာယဉ်ကျေး မှုပြတိုက်တွင်ကျင်းပသော ဒေသနှင့်လဟယ်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံခြင်းနှင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်သို့ တက်ရောက်ကြသည်။

ပုသိမ်မြို့ မြို့မဈေးနှင့်ရွှေပြည်သာစျေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင် သရုပ်ပြခြင်းအား ပုသိမ်မြို့၊ ရွှေပြည်သာဈေးနှင့်မြို့မစျေးခြားရှိစျေးချောင်းလမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့တွင် ၂၀၂၂-၂၀၂၃ခု နှစ်၊ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများမှ ကျေးရွာခွဲများသို့ တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများမှ ကျေးရွာခွဲ များသို့ တာဝန်ပေးအပ်ခြင်း အခမ်းအနားအားကျင်းပခဲ့သည်။ ဆောင်းသီးနှံ နေကြာစီမံကိန်း အခမ်းအနားသို့ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပုသိမ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်း၊ ငွေဆောင်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မျိုးသန့်၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊စို က်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲတာဝန်ခံများ တက်ရောက်ကြသည်။

လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆွေးနွေးညှိနှိုင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာအုပ်စု၊ ကွမ်ဘီကျေးရွာ ဓမ္မာရုံခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို   ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။

လှည်းကူးမြို့နယ် သခွပ်ပင်ကျေးရွာနှင့်ကလီထော်အနောက်ကျေးရွာတို့တွင် နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စုနှင့် ကလီထော်အနောက်ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာမြို့နယ်၊ မြောက်လည်ကျေးရွာအုပ်စု၊ သရက်တန်းကျေးရွာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။
Subscribe to