ကျောက်ပန်းတောင်း အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပညာပေးလှုပ်ရှားမှုအဖြစ် Mask Campaign ပြုလုပ်ခြင်းကို၊ အောက်တိုဘာ(၃၀)ရက်နေ့ နံနက်(၇)နာရီက ဈေးကွက်သစ်ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦးနှင့် ဒုတိယဦးစီးမှူးများ၊ ဝန်ထမ်းများအင်အား(၁၅)ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များအင်အား(၁၅)ဦး စုစုပေါင်းအင်အား(၃၀)ဦးဖြင့် နှာခေါင်းစည်း Mask အခုရေ(၂၀၀၀)ကို ဈေးသွား/ဈေးလာများ၊ ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး၊ အပြင်ထွက်တိုင်းနှာခေါင်းစည်း Mask တတ်ဆင်ကြရန်နှင့် လက်ကိုမကြာကြာဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်းများပြုလုပ်ရန်၊ လူစုလူဝေးများအတွင်း သွားလာခြင်းတို့အား အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိပါက မဖြစ်မနေထိုးနှံထားကြရန်တို့ကို ပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)