လှည်းကူးမြို့နယ် မအူကျေးရွာနှင့် စခန်းကြီးကျေးရွာတို့တွင် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေး​ဆွေး​နွေး

လှည်းကူး အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်တွင်​ ဒေသတွင်းစားသုံးဆီဖူလုံ​မှု ရှိ​စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူ ပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ် မအူကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံကို လျာထားချက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နေကြာသီးနှံ စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့် နေကြာသီးနှံစိုက်ပျိုးရေး အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်း​​​ပြောကြားခဲ့​ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)