လှည်းကူးမြို့နယ်တွင် ပြည်သူ(၃၉၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထိုးနှံပေး

လှည်းကူး  အောက်တိုဘာ  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် (၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၁၇)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ (၄၈)ဦး၊ တတိယအကြိမ် ထိုးနှံသူ (၁၈)ဦး နှင့် စတုတ္ထအကြိမ်ထိုးနှံသူ (၃၁၂)ဦး၊ စုစုပေါင်း (၃၉၅) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လှည်းကူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသော ပြည်သူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)