ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးထားသည့် မိုးနှောင်းနှမ်းများ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး  အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများကြဲပက်စိုက်ပျိုးထားသည့် မိုးနှောင်းနှမ်းများမိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ နှမ်းအပင်ဖြစ်နှုန်းကောင်းမွန်လျက်ရှိကြောင်း နှမ်းစိုက်ပျိူးတောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် မိုးနှောင်းမိုးကာလတွင်ရွာသွန်းခဲ့သည့် မိုးနှင့်အတူကြဲပက် စိုက်ပျိုးထားသည့် မိုးနှောင်းနှမ်းများကောင်းမွန်လျက်ရှိကြကာ နှမ်းပွင့်များစ တင်ဖူးပွင့်နေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် ရှင်မိန်ကျေးရွာ နှမ်းစိုက်ပျိုးတောင်သူ ဦးဝင်းမြင့်ကပြောကြားသည်။ ညောင်ဦး မြို့နယ်တွင် ယခုနှစ်မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူမိုးနှောင်းနှမ်းစိုက်ပျိုးသည့် တောင်သူတိုင်း နှမ်းများကောင်းနေကြကြောင်း၊အချို့ တောင်သူများနောက်မိုးမလိုက်မှာစိုးရိမ်ပြီး မစိုက်ပျိုးကြပဲ မိုးနှောင်းမိုးရွာသွန်းချိန်မှစိုက် ပျိုးကြကြောင်း၊ အဆိုပါမိုးနှမ်းနှောင်းနှမ်း စိုက်ခင်းများလည်း ကောင်းမွန်နေကာယခုမိုးရွာသည့်အတွက် မိုးနှောင်းနှမ်းများဆောင်းဥတု ဝင်ရောက်လာခြင်းနှင့်အတူအအေးဓာတ်ဖြင့်မိုးနှောင်းနှမ်းစိုက်ပျိုး တောင်သူတိုင်းနှမ်းများရရှိဖို့ သေချာသလောက်ရှိနေကြောင်းလည်း သိရသည်။ ညောင်ဦးမြို့နယ်တွင် မနှစ်ကလည်း မိုးရွာသွန်းမှုကောင်းခဲ့ကာ မြေပဲ၊နှမ်းများကောင်းမွန်ကာ တောင်သူများနှုတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း ကုလားတဲကျေးရွာ ဦးမြင့်စိုးကပြောကြားသည်။

ကိုကြေးမုံ