ပေါက်တော အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာတြိဂံလမ်းဆုံနှင့် လမ်းမတစ်လျှောက် ခရီးသွားပြည်သူများနှင့် စျေးရောင်းစျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများတပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ပြုလုပ်ကြသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်းများတပ်ဆင်သွားလာရေးအသိပညာပေး Mask Campaign ဆောင်ရွက်ရာသို့ ပေါက်တောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါမျိုးကွဲများရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးမပျက်မကွက်ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဝင်းမင်းစိုး( ပြန်/ဆက်)