စမ်းချောင်းမြို့နယ်၌‌‌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စမ်းချောင်း အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီက စမ်းချောင်းမြို့နယ် အ..က() စံပယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် အလုံခရိုင်၊ ပညာရေးမှူးဒေါက်တာ စုစုလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန္ဒာဦးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲသို့ စမ်းချောင်းမြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၂၈)ဦး တက်ရောက်ကြပြီး အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်နေ့တို့တွင် နံနက် နာရီမှ ညနေ ၄ နာရီအထိ စီမံ၊ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းနှင့် ကြီးကြပ်အကဲဖြတ် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်ငြိမ်းချမ်းဝင်း