ဒဂုံအရှေ့ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိူတင် ကာကွယ်ရေးပြင်ဆင် ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာ၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးနှင့်၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့တို့အားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်တပ်ဖွဲ့မှ ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်များအတွက် ဆုံးရှုံးမှု နည်းပါးစေရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ပြသရာတွင်လူအသင့်၊ စက်အသင့်၊ ဆီအသင့်၊ ရေအသင့်တို့ထားရှိခြင်း၊ မီးသတ်ယာဉ်များ စက်နှိုးပြသခြင်း၊ မီးဘေးနှင့်သဘာဝဘေးတို့တွင် အသုံးပြုမည်ပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များမရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ရာသို့ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြိူ့နယ်ကြက်ခြေနီအသင်းခွဲတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)