မြစ်သားမြို့နယ်တွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းမ‌ကောင်းရခြင်းအ‌ကြောင်း စစ်တမ်း‌ကောက်ယူ

မြစ်သား ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမ‌ကောင်းရခြင်းအ‌ကြောင်းများ သိရှိနိုင်စေရန် ရည်ရွယ်၍ တောင်သူများထံ မြေပြင်ကွင်းဆင်းစိစစ်ချက် စစ်တမ်း‌ကောက်ယူခြင်းများကို ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမ‌ကောင်းရခြင်းအ‌ကြောင်းများ မှတ်တမ်း‌ ကောက်ယူခြင်း ဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများ၊ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းမကောင်းရခြင်း၊ အဓိကအကြောင်းအရာများ စိစစ်မေးမြန်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာအုပ်စု တာဝန်ခံဝန်ထမ်း ၁၁ ဦးက ကျေးရွာအုပ်စု ၂၅ အုပ်စုမှ အဓိကသီးနှံစိုက်ပျိုးတောင်သူ ၁၁၀၀ ဦးအား ပန်းတိုင်အထွက်နှုန်းမ‌ကောင်းရခြင်းအ‌ကြောင်း မြေပြင်ကွင်းဆင်းစိစစ်ချက်စစ်တမ်း‌ကောက်ယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)