မန္တ‌လေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ

‎‎မဟာအောင်မြေ ဒီဇင်ဘာ ၁၇

‎‎မန္တ‌လေးတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Open Shed အားကစားရုံ၌ ကျင်းပသည်။

‎‎ရှေးဦးစွာ အခမ်းအနားကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမေသွယ်အေးက အားကစားပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး ယှဉ်ပြိုင်ရာတွင်လည်း အားကစားသမားစိတ်ဓာတ်ဖြင့် တရားမျှတစွာနှင့် အချင်းချင်းချစ်ကြည် ရင်းနှီးစွာယှဉ်ပြိုင်ရန်၊ နိုင်ငံတော်ကမျှော်မှန်းတဲ့ ဗလငါးတန်နဲ့ပြည့်ဝတဲ့ နိုင်ငံဂုဏ်​ဆောင် အားကစားသမားကောင်းများ ဖြစ်သည်အထိ ကြိုးစားသွားကြရန် မှာကြားသည်။

‎‎ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ ကွန်ပျူတာသိပ္ပံအသင်းနှင့် ညွှန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်မှုကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ၊ ကျောင်းသူ/ကျောင်းသားများက အားပေးကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်အထိ နှစ်ရက်တာ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

‎‎‎အောင်ဇော်မင်း