ဂွမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ (၂၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Showပြုလုပ်

တောင်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Showပြုလုပ် တောင်ကြီး နိုဝင်ဘာ ၂ ဇော်နိုင်လင်း

တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အထိမ်းအမှတ် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်

 (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ပျော်ဘွယ်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင် စိတ်ထားဆိုသည့်စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို နိုဝင်ဘာလ(၂)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့၌ (၂၂) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၂၂)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းပတ်ဝန်းကျင် စစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပညာရေးစစ်ကျောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးရေးမှူး (တာဝန်ခံ) ဒေါ်ဥမ္မာကြည်နှင့် ကျန်းမာရေးစစ်ကျောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းတို့ ဦးဆောင်သော ကျန်းမာရေးစစ်ကျောင်းနှင့် ပညာရေးစစ်ကျောင်းတို့ပူးပေါင်းကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to