လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျုံပျော်တွင် နေကြာ သီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းများဆောင်ရွက်

ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက် နေကြာသီးနှံများကို စိုက်ပျိုး လျက်ရှိရာ စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် သီးညှပ်၊သီးထပ်စိုက်ပျိုးမှု များအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့ နံနက်က လိုက်လံဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီအချိန်တွင် မြင်သာမြို့ ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းပညာအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ( ၂ / ၂၀၂၂) သင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ မအူတိုင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ( ၂ / ၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ် သည်။

ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉​ ကာကွယ်​ဆေးများ ​ကျောင်းများတွင် ဆက်လက်ထိုးနှံ​

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ​ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရား လမ်းနှင့်နဝ​ဒေးလမ်း​ထောင့်ရှိ အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယမန်နေ့ နံနက် ၉နာရီ မှ ၁၁:၃၀ နာရီထိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ၊​ ကျောင်းသား​၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံ​ပေးခြင်း​ ဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့​ကြောင်း သိရသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့၊ နံနက် (၁၁) နာရီက ဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့​နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဦးပုကုန်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to