ကြို့ပင်ကောက်မြို့တွင် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ပန်းတင်ရပ်ကွက် မြို့ဦးပန်းတင် ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာ‌များ၊ လူမှု‌ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူမျာ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တွံတေး၌ ရဲဗလ ရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ရဲဗလရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာ ပေးအပ်ပွဲအခမ်းအနားကို​မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲသီးနှံ ဂျစ်ပ်ဆမ် (Gypsum) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲသီးနှံ ဂျစ်ပ်ဆမ် (Gypsum) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ ကျွန်းလှ နိုဝင်ဘာ ၂ မျိုးဝင်းညို

မိုင်းခုတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ မြင်းခြံကျော်အောင် (ခ)သန်းထက်စံ ရေးသားသည့် ''ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိဓမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနှင့် ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

ပခုက္ကူမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်း (၄)မျိုး ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ယနေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်း (၄)မျိုး ထောက်ပံ့ပေးအပ်ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၀)နှင့်အထက် ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျူတောဝကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to