ဟိုပန်မြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျောင်းသား/သူများ အခြေခံရှေးဦးပြုစုခြင်း ပညာတက်​မြောက်လာကြစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဟိုပန်) ကျောင်းရှိ စောမဟာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို စတင်ဖွင့်လှစ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်း စစ်ဆေး

ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ ရောင်းဝယ်မှုအခြေအနေများ၊ သန့်ရှင်းသပ်ရပ်စွာ ထုတ်ကုန်များ ထုတ်လုပ်နေမှုအခြေအနေများနှင့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခြင်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ အခြေခံပညာထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားစေရန်၊ ထက်မြက်သော ကျောင်းအုပ်ကြီးများ ပေါ်ထွက်လာစေရေးနှင့် စနစ်ကျသော ကျောင်းများဖြစ်ပေါ်စေရေးအတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) အစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်တွင် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ ကြို့ကုန်း‌ကျေးရွာ၌ ယမန်နေ့ နေ့လယ်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး များ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

နတ်တလင်းဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်အသစ်ဆောက်လုပ်ခြင်း ပန္နက်တင်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော နှစ်ထပ်တိုးချဲ့ဆောင်အသစ် ဆောက်လုပ်မည့် အဆောက်အဦးအား ပန္နက်တင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက်စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် စိုက်ပျိုးရေးရေးဦးစီးဌာနနှင့်သမဝါယမဦးစီးဌာနသို့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

­­­မင်းဘူးခရိုင်၌လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်၌ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် စုပေါင်းရုံးတွင် ရာသက်ပန်အဆင့်မြင့် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချ

စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့်

လှည်းကူးမြို့နယ် ရွှေတောင်ပံကျေးရွာတွင် နေကြာမျိုးစေ့များတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ခြင်းနှင့်တောင်သူ ပညာပေး​ဆွေး​နွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်​ဒေသတွင်း စားသုံးဆီဖူလုံ​မှုရှိ​စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက နေကြာမျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲကို လှည်းကူးမြို့နယ် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ ရွှေတောင်ပံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Subscribe to