ကွတ်ခိုင်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် အသိပညာပေးလုပ်ငန်းဖြစ်သည့် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ကြံခင်းမြို့တွင် မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ (၁၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်းသင်္ကန်းဆက်ကပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်းနဲစန် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော မန်းနဲစန်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ အဆိုပါ လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက်(Talk show)ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အများပြည်သူများသို့အသိပေးထုတ်ပြန်ချက်(Talk Show)အား ယမန်နေ့ညနေ(၃)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက် တန်းကျောင်း ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကာမိုင်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၁၁၅ တင်းထွက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်စီးအင်းကျေးရွာအုပ်စု၌ တောင်သူ ဒေါ်ခင်စန်းရင်၏ လယ်မြေကွင်းအမှတ် (၁)၊ ဦးပိုင်အမှတ် (၂၁)ရှိ စိုက်ဧက (၁၀)ဧကတွင် ယနေ့ နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဆင်းဧကရီ-၃ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူ၌ ခရိုင်အဆင့် မိုးစပါးရိတ်သိမ်းပွဲကျင်းပ တစ်ဧကလျှင် စပါးအစိုတင်း ၁၃၅ တင်း ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် မဟင်ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက လယ်မြေကွင်းအမှတ် (၅၃၀-ခ) တောင်သူ ဦးမျိုးထွဋ်ဝင်း၏ ဗျော့ထွန်းစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း၌ ခရိုင်အဆင့် မိုးစပါးရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၃၅ တင်းထွက်ရှိကြောင်း သိရသည်။
Subscribe to