တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ မြေငှားရမ်းခြင်း ဆိုင်ရာ သဘောတူစာချုပ်(မူကြမ်း) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ မြေငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်(မူကြမ်း) စိစစ်ရေးနှင့် မြိတ်မြို့နိုင်ငံတကာ အဆင့်မီအပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးနှင့်စက်မှုဇုန်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ လေ့လာစမ်းသပ်ဆောင် ရွက်ခြင်းဆိုင်ရာ နားလည်မှု မှတ်တမ်း F.S ( MOU )(မူကြမ်း)တို့အား စိစစ်ရေးကော်မတီနှင့် စိစစ်သည့်အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။