ဒေးဒရဲမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အိမ်တွင်းအကြမ်းဖက်မှုများ လျော့နည်း ပပျောက်စေရေးနှင့် အမျိုးသမီး များ၏ အခွင့်အရေးများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က ဖောင်းကန်၊ ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံ အရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်မန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.မ.က မူလွန် နတ်မောက်ကျောင်းခန်းမ၌ ကျင်းပသည်။

ရပ်စောက်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရပ်စောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာအိတ်များ (ပဉ္စမအကြိမ်) ထောက်ပံ့ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် တောင်သူများ လယ်ယာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော် သတ်မှတ်စျေးနှုန်း (၃၀၀၀၀)ကျပ် ဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အလိုက် ခွဲတမ်းရရှိသောဓာတ်မြေသြဇာ အိတ်များကို ကျေးရွာအုပ်စုများသို့ ပြန်လည်ထုတ်ပေးနေမှုနှင့် ယာယီသိုလှောင် ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဂါလန်(၁၅၀၀၀၀) ဆံ့ ရေစစ်ကန်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဂါလန် (၁၅၀၀၀၀)ဆံ့ ရေစစ်ကန်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ ယနေ့ နံနက် ၉နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ဧက နှစ်သောင်းလေးထောင်ကျော် စိုက်ပျိုးသွားရန် လျာထား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာစိုက်ဧက နှစ်သောင်းလေးထောင်ကျော် စိုက်ပျိုးသွားရန် လျာထားကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

လှည်းကူးမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့တွင် ဒေသနေပြည်သူများ တိုင်းရင်းဆေးပညာ အကြောင်းကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ချောင်းတာစူးကျေးရွာ(၇)ရက်သားသမီးများမှစုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ချောင်းတာစူးကျေးရွာ (၇)ရက်သားသမီးများမှ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ဘုတ်ပြင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to