မင်းလှမြို့၌ အခြေခံစားကုန်ဆန်များ အားသက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မင်းလှမြို့နယ်အတွင်းရှိ  အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရန်၊ အခြေခံစားကုန်ဆန်များ သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ တောင်ရပ်ကွက် နှင့်ကွက်သစ်ရပ်ကွက်တို့တွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန‌၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပါတ်လည်နေ့အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ကြောင်းမှ ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးစစ်ကြောင်းအနေဖြင့် အမှတ် (၅)ရပ်ကွက် အတွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask ဖြန့်‌ဝေခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကလောမြို့နယ်တွင် စာပေချစ်သူများ (Youth Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က စာပေချစ်သူများ (Youth Club) ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အခြေခံပညာအထက်တန်း(ကြိုသက်)ကျောင်း၊ ပညာ့ရောင်ခြည်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ရှိအိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက် 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးအတွက်  မြေပြင်အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်(၇) ရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။

ခရမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာ‌ရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂  နာရီက တရားဥပဒေစိုးမိုးရေးနှင့်ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ ပူးပေါင်းသည့် စစ်ကြောင်းမှ ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ပြည်သူလူထုနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ပါသည်။

မိုင်းရှူးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာ၊ တောင်သူ ဦးပန္တိ ပြင်ပကွင်းရှိ စံကွက် ၄ဧကတွင် ယနေ့နံနက်(၉)နာရီက ရွှေရင်အေး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ် (၁၄)ရပ်ကွက်ရှိ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to