သပိတ်ကျင်းမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၂၃)ကြိမ် မြောက်စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်( ၂၃)​ကြိမ်မြောက် ဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သပိတ်ကျင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အရှေ့ရပ်ကွက်ရှိ ရပ်ကွက်သူ၊ရပ်ကွက်သားများ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်သူရပ်ကွက်သားများ ကြီးမှူးကျင်းပသော ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အား စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံများအနေဖြင့်  နှစ်ရှည်သီးနှံနှင့် ရာသီပေါ်ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုး လုပ်ကိုင်ကြရာ ကွမ်းရွက်သည် ယခင်နှစ်များထက် ဈေးကောင်းရရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီက ယနေ့နံနက် (၁၀) နာရီက မြို့နယ်လူမှုဝန်ထမ်းရုံး၌ လုပ်ငန်းညိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ၊ ဆီဆုံကျေးရွာ၊ ဂတ်စ်ဆိုင်အနီးရှိ ကုက္ကိုပင် ခရီးသွားယာဉ်ပေါ် လဲကျနေမှုအား ခုတ်ထွင်ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာ၊ ဂတ်စ်ဆိုင်အနီးရှိ ကုက္ကိုပင်သည် ယနေ့မွန်းတည့် (၁၂) နာရီခန့်တွင် ခရီးသွားယာဉ်ပေါ်သို့ လဲကျခဲ့ရာ တာ၀န်ရှိသူများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင်"ကထိန်အကြောင်းသိကောင်းစရာ"အသိပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "ကထိန်အကြောင်းသိကောင်းစရာ"အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဂုဏ်ထူးသင် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးသင် ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် ကျင်းပသည်။

ကမမောင်းမြို့တွင် တစ်နိုင်တစ်ပိုင်သင်္ဘောသီးပင်များစိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေ တောင်သူများက မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောစိုက်ခင်းများနှင့်အစေ့များ ဖြန့်ဖြဲ၍ စိုက်ပျိုးထားသော သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ မွန်းလွဲပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
Subscribe to