ကသာမြို့ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၂၉)ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကသာမြို့ တပ်ဦး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြေအသုံးချရေး၊ ပိုးမွှား‌ရောဂါ ကာကွယ်နှိပ်နှင်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြေအသုံးချရေး၊ ပိုးမွှား‌ရောဂါ ကာကွယ်နှိပ်နှင်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အနော်ရထာလမ်း ကွန်ကရစ်လမ်း ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများသွားလာရေး အဆင်ပြေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် အနော်ရထာလမ်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး၍ နိုဝင်ဘာလ (၁) ရက်နေ့ တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများစပါးသီးနှံစိုက်ပျိုးမှုနှင့်အခြားစိုက်ပျိုး ရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်ပိုင်းက တတိယအသုတ်အဖြစ် ရောင်းချပေးလျက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် “မီးခိုးမြူငွေ့ ညစ်ညမ်းမှု” သိကောင်းစရာ Talk Show ကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မီးခိုးမြူငွေ့ ညစ်ညမ်းမှု သိကောင်း စရာ Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်သံဃနာယကရုံး ၊သိမ်ပြင်ကျောင်းတိုက်ရှိ ဓမ္မဉယျဉ်  ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖလမ်းမြို့၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉၃၀ နာရီက ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဗဟိုသာသနာပြုကျောင်းတိုက်တွင် ကျင်းပသည်။

မိုးညှင်းမြို့နယ် ညောင်ပင်ကျေးရွာတွင် စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ညောင်ပင်ကျေးရွာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ ရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ(၂)နာရီက မြို့နယ်မီးသတ်တပ်ဖွဲရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား အပိုဆောင်းကာကွယ်ဆေး (Booster)များ  ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to