ဝမ်းတွင်းမြို့နယ်တွင် ဒုတိယအကြိမ်မြောက် မိုးပေါ်ကျစုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်က သဲတာ(၁)ရပ်ကွက် မြဘုန်းရှင်ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ အလှူရှင်များပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူထုစိန်ဝင်း၏ လူငယ်တွေကိုယုံပါ စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ) ဆရာ၊ ဆရာမများ‌၊ ကျောင်းသား၊ ကျောင်းသူများမှ မဟာဘုံကထိန်သင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က (ရွှေသောင်ယံ)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက် အသော ကာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ကထိန်းသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှ ဩဝါဒခံယူခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အား ရေစက်ချအမျှပေးဝေခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ရိုင်း)တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ၊ ရှင်းလင်းပြသနိုင်ရေးဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ကျောင်းကုန်းမြို့နယ် ဖွံ့ဖြိုး​တိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကာဂရက်အုပ်စု၊ စာဖြူစုကျေးရွာ ဘုရားကုန်းရွှေဗဟိုရ် ပါရမီကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၅)အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၊ ဘုရင့်နောင်ခန်းမ တွင် ကျင်းပကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစု လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံး ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Subscribe to