တောင်ဥက္ကလာပမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်များတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ကားမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းနှင့် (၂)မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် ဖူးကြီးများလမ်း၌ အောက်တိုဘာ (၁၁) ရက်နေ့ ည (၆) နာရီ ၅၂ မိနစ်ခန့်တွင် Nissan Vane အမျိုးအစား ကားအဖြူရောင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသည်။

မိုင်းဖြတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်  မဲပေးစက် (MEVM)ဆိုင်ရာ သိကောင်းစရာများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၂ရက်က အိုက်ငို့အုပ်စု ဟာကြားဟုန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။  

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်းဆင်း အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ)သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဆင်းအောင်လက်မှတ်ဆက်ကပ်ချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံတွင် ကျင်းပသည်။

မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်နှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းနေမိသားစုများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)၌ ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်စာရေးဆရာအသင်းမှလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်း/တံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်သော ရှောပြာ-အိုးဖိုကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း  ဆောင်ရွက်လျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ ပုလဲပြည်သူ့ဆေးရုံ၌ အောက်တိုဘာ ၁၀ရက်က ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်သည်။

ဖျာပုံမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to