တမူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ

တမူး ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် (၁၁) နာရီက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်သိန်းစိုးက ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရုံးလုပ်ငန်းလက်စွဲစာအုပ်များကိုဖတ်ရှုခြင်းဖြင့် လုပ်ငန်းတွင် ကျွမ်းကျင်ပြီး အသိပညာများတိုးပွားလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အငယ်တန်းစာရေး ဒေါ်ခင်မျိုးနွယ်က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်မှ မှတ်တမ်းထိန်းသိမ်းခြင်း ခေါင်းစဉ်အကြောင်းအရာအားဖတ်ရှုခဲ့ပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများအား တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြင့်မားရေးစာဖတ်ဝိုင်းများ အပတ်စဉ်ဆောင်ရွက်နေသည့်အပြင် စာပေချစ်သူများနှင့်လည်း စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာ