မြစ်သားကြက်သွန်သီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့်ကြက်သွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားကြက်သွန်သီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့်ကြက်သွန်ကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။