သံဖြူဇရပ် ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၏ သမီးငယ်များက အာရှမြန်မာသီချင်းဖြင့်ဖွင့်လှစ်ပြီး ပြိုင်ပွဲများပြုလုပ်ရာ တာနီးအပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ဦးထုပ်ဆောင်း၊ အရောင်ရွှေး၊ ကြိုသီ၊ ရေပုလင်းဖြည့်၊ ခေါင်းအုံးရွက်၊ ဘူးဆင့် စသည့်ပြိုင်ပွဲ(၈)မျိုးအား ပွဲစဥ်(၁၈)ပွဲကိုအကြီးတန်းနှင့်အငယ်တန်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၀)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးဆန်းပြည်အောင်၊ ကျောင်းအုပ်ဆရာမကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများမှ မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)