ဒေးဒရဲမြို့နယ်၌ ဒေသမျိုးရင်း ပေါ်ဆန်းစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးကျင်းပသည့် ပေါ်ဆန်းစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က မြင်းကကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၂၇)၊ ဦးပိုင်အမှတ် (၃၂/၁)၊ (၃၃/၆) (၃၈/၁)ရှိ ပေါ်ဆန်းဇုန်ဧရိယာတွင် စိုက်ပျိုးထားသော တောင်သူ ဦးဝင်းနိုင်၏ စပါးစိုက်ဧက (၃၄.၄၅)ဧကအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  တက်ရောက်ကြပြီး ပေါ်ဆန်းဇုန်ဧရိယာတွင်စိုက်ပျိုးထားသည့် ရေကြည်ပေါ်ဆန်းစံကွက်အား ဒေသခံတောင်သူများနှင့် စုပေါင်းရိတ်သိမ်းခဲ့ရာ စပါးအထွက်နှုန်းအစို (၈၁.၀၃) တင်း၊ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း