ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ် မပြည့်သေးသော မိန်းကလေးငယ်များအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV vaccine Community based ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV vaccine Community based ထိုးနှံ ဆောင်ရွက်ပေးရာနေရာသို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်း၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အသက် ၉ နှစ် မှ ၁၂ နှစ် မပြည့်သေးသော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းမှ လာရောက်ကြည့်ရှုအားပေးပြီး လာရောက်ထိုးနှံသော မိန်းကလေးများအတွက် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)