ဓနုဖြူမြို့နယ်၌ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ဓနုဖြူ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)လမ်း၊ အိမ်အမှတ်(၁၀)၊ ဒေါ်မြမြလွင်(ဘ) ဦးအေးသောင်းနေသူ၏ အလျား(၁၇) ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ RC (၁) ထပ်လူနေအိမ်တွင် ယမန်နေ့နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးနောင်နောင်နှင့် သန္ဓေ(၁၅)ဦး၊ အရန်(၁၀)တို့မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၀၂:၁၅) အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၀၂:၁၇) အချိန်တွင် မီးလုံးဝငြှိမ်းသွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုအကြောင်းအရင်းမှာ ပိုင်ရှင်ဒေါ်မြမြလွင်နေအိမ် မီးဖိုခန်းရှိ မွေယာပေါ်တွင် ဖုန်းအားသွင်းထားစဉ် အပူလွန်ကဲပြီး မွေ့ယာမှမီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပိုင်ရှင်ဖြစ်သူ ဒေါ်မြမြလွင်(ဘ) ဦးအေးသောင်း၊ အသက်(၄၁)နှစ်အား ဓနုဖြူမြို့နယ်မြို့မရဲစခန်းမှ ပုဒ်မ-၂၈၅ (ပ၁၄၉/၂၀၂၅) ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အောင်ပြည့်ဖြိုးဇော်